ဒီကနေ့မှာတော့ မြန်မာ အသင်း သည် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ခြေစစ်ပွဲ ပထမအဆင့်ရဲ့ ပထမအကျော့ ပွဲစဉ်တွေကို အိမ်ကွင်းမှာ ယှဥိပြိုင်ခဲ့ကြပါတယ်။ မြန်မာလက်ရွေးစင်အသင်းကတော့
ပထမအကျော့အဖြစ် မကာအိုအသင်းနဲ့ အိမ်ကွင်း သူဝဏ္ဏကွင်းမှာ မကာအိုလက်ရွေးစင်အသင်းနဲ့ ရင်ဆိုင် ကစားခဲ့တာပါ။ မြန်မာအသင်းကတော့ အိမ်ရှင်ပရိတ်သတ်ရှေ့မှာ အကောင်းဆုံး စွမ်ဆောင်ရည်ကို ပြသနိုင်ခဲ့သလို၊ ပြိုင်ဘက်
မကာအိုအသင်းကို တောက်လျှောက်ဆိုသလို ဖိအားပေး ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ မြန်မာအသင်းဟာ မောင်မောင်လွင်၊ အောင်သူ၊ သန်းပိုင်၊ လွင်မိုးအောင်၊ ကျော်မင်းဦး စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့တာပါ။ ပထမပိုင်းမှာ
လွင်မိုးအောင်ရဲ့ သွင်းဂိုးနဲ့ မြန်မာအသင်း ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်း ၅၅မိနစ်မှာ မကာအိုအသင်းဘက်က ချေပဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်း တစ်ပိုင်းလုံး မြန်မာအသင်းကပဲ ဖိအားပေးနိုင်ခဲ့ပြီး
၄ဂိုးထပ်သွင်းကာ ပွဲပြီးချိန်မှာ မြန်မာအသင်းက မကာအိုအသင်းကို ၅-၁ရလဒ်နဲ့. အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်းအတွက် သွင်းဂိုးတွေကိုတော့ လွင်မိုးအောင်က ၂ဂိုး၊ လူစားဝင်ကစားသမား အောင်ကောင်းမန်၊ စိုးမိုးကျော်၊ နေမိုးနိုင်တို့က တစ်ဂိုးစီ သွင်းပေးခဲ့ကြတာပါ။