ပိုက်ဆံရှာပါ

💵

 

ပိုက်ဆံရှာပါ။

 

ပိုက်ဆံရှိမှဖြစ်တော့မယ်လို့တွေးမိတဲ့အချိန်ဟာ

 

ခရီးတစ်ခုကိုစတင်ဖို့လက်မှတ်စဝယ်တာနဲ့တူပါတယ်။

 

လောကမှာပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်…။

 

💵

 

မိသားစုထဲမှာကြည့်ပါ။

 

ပိုက်ဆံရှာနိုင်တဲ့သူကပိုအရေးပါအရာရောက်ပါတယ်…။

 

💵

 

အပေါင်းအသင်းတွေကြားထဲကြည့်ပါ။

 

ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်..။

 

💵

 

လူမှုအဖွဲ့အစည်းတစ်ခုခုကိုကြည့်ပါ။

 

ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်…။

 

💵

 

ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်းတော်တော်များများဖြစ်နေတာပါ…။

 

💵

 

ဘယ်နည်းနဲ့ကြည့်ကြည့်သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်..။

 

💵

 

သင်ပိုက်ဆံရှိမှ

 

သင်ချစ်တဲ့သူတွေအတွက်

 

သင်လုပ်ချင်တဲ့အရာတွေအတွက်

 

သင်ပြောချင်တဲ့စကားတွေအတွက်

 

သင်လိုချင်တဲ့အရာတွေအတွက်

 

အားလုံးမဟုတ်ရင်တောင်

 

တော်တော်များများလုပ်လို့ရမှာပါ…။

 

💵

 

“#ခင်မင်မှုကပိုအရေးကြီးတယ်”

 

ဟုတ်ကဲ့ လူတော်တော်များများကတော့ ငွေရှိရင် ပိုခင်ကြပါတယ်…။

 

💵

 

“#ရိုးသားမှုကပိုအရေးကြီးတယ်”

 

ဟုတ်ကဲ့ လူအများစုကတော့ မရိုးသားရင်တောင်ငွေရှိတဲ့လူဆို သိပ်မပြောရဲကြပါဘူး…။

 

💵

 

“#ပညာကပိုအရေးကြီးတယ်”

 

ဟုတ်ကဲ့ ငွေရှိမှပညာသင်လို့ရတဲ့ခေတ်မှာ

 

ပညာရွှေအိုးက ငွေရှိမှဝယ်လို့ရတာပါ…။

 

💵

 

“#ကိုယ်ကျင့်တရားကအရေးအကြီးဆုံး”

 

ဟုတ်ကဲ့ ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေငွေရှိလာရင် အမှန်တရားကရောက်လာဖို့ခြေလှမ်းသိပ်နှေးလွန်းပါတယ်…။

 

💵

 

“#အချစ်ကအရေးကြီးတယ်”

 

ဟုတ်ကဲ့ ရယ်စရာအကောင်းဆုံးပြက်လုံးပါ။

 

လူအားလုံးလိုလိုကတော့..

 

ငွေမရှိရင် ရုပ်ဆိုးတယ်လို့မြင်တယ်

 

ငွေမရှိရင် နံတယ်လို့ထင်တယ်

 

ငွေမရှိရင် ပိုင်းလုံးလို့မြင်တယ်

 

ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူး…။

 

💵

 

ဒါပါဘဲ

 

ဘယ်နည်းနဲ့တွေးတွေး

 

ဘယ်ဖက်ကတွေးတွေး

 

ငွေရှိမှ အရာအားလုံးလိုလိုအဆင်ပြေနိုင်ပါမယ်…။

 

💵

 

တသောင်း ဆယ်ခါဖြုန်းရင် တသိန်းပါ။

 

တသိန်း ဆယ်ခါဆို ၁၀သိန်းပါ…။

 

💵

 

ကျွန်တော်တို့ အများကြီးဖြုန်းခဲ့ပြီးပါပြီ…။

 

💵

 

မလိုတာတွေဝယ်ခဲ့ဖူးတယ်..။

 

💵

 

မတန်တာတွေ စားခဲ့ဖူးတယ်။

 

💵

 

မတန်တာတွေ ဝယ်ဝတ်ခဲ့ဖူးတယ်..။

 

💵

 

မရှိရင်လည်း ချေးငှားပြီးပျော်ခဲ့ဖူးတယ်..။

 

💵

 

သဒ္ဓါမပါဘဲ ကြွားဝါပြီးလှူခဲ့ကြဖူးတယ်..။

 

💵

 

အားနာပြီး ကုန်ခဲ့ကြဖူးတယ်..။

 

💵

 

အချိန်တန်တော့

 

ကျွန်တော်တို့ဆီမှာ ဘာမှအဖက်တင်မကျန်ခဲ့ဘူး..။

 

💵

 

အသုံးနိုင်ဆုံးဆုလည်းမရခဲ့ဘူး..။

 

💵

 

အစားနိုင်ဆုံး ဆုလည်းမရခဲ့ပါဘူး..။

 

💵

 

အဝတ်နိုင်ဆုံးဆိုပြီးလည်းကမ္ဘာမကျော် နိုင်ငံမကျော်ခဲ့ပါဘူး..။

 

💵

 

သူ့နေရာနဲ့သူ သုံးသင့်တဲ့နေရာသုံး မဖြုန်းသင့်တဲ့နေရာ မဖြုန်းဘဲ

 

စနစ်တကျစုဆောင်းသွားတဲ့သူတွေ အလုပ်လုပ်သွားတဲ့သူတွေကသာ

 

သူဌေးဖြစ်ပြီး နာမည်ကျော်သွားတာပါ..။

 

💵

 

ကျွန်တော်တို့ဖြုန်းခဲ့တဲ့အတွက်

 

ဘာရလိုက်သလဲ…?

 

💵

 

ဒါ့ကြောင့်…

 

ကျွန်တော်တို့ သိပ်နောက်မကျခင်ငွေစစုကြရအောင်လား…။

 

💵

 

ကဲ…. မိတ်ဆွေ

 

သင် ဖြုန်းမယ်ပြင်ထားတဲ့ငွေစက္ကူတွေကို

 

အိတ်ထဲပြန်ထည့်ထားလိုက်ပါ,,…။

 

 

 

 

Credit: မူရင်းရေးသားသူ။