အဲရစ်တန်ဟက်သာ ရာထူးက အထုတ်ခံရမယ်ဆိုရင် သူ့နေရာကို အစားဝင်မယ့် နည်းပြအတွက် ဘွတ်ကီဒိုင်တွေက လောင်းကြေးဖွင့်လှစ်ထားပြီး ဂရေဟမ်ပေါ်တာက စတုတ္ထမြောက် ရေပန်းအစားဆုံးဖြစ်နေပါတယ်။အသက် ၄၈ နှစ် အရွယ်ရှိပြီဖြစ်သူ ဂရေဟမ်ပေါ်တာဟာ ဘရိုက်တန်အသင်းကို ပရီးမီးယားလိဂ် အလယ်အလတ် အဆင့် စာရင်းဝင်ဖြစ်အောင် စွမ်းဆောင်ခဲ့ပြီး မနှစ်က ချယ်လ်ဆီးအသင်းဆီ ရောက်ရှိချိန်မှာတော့ စိတ်ပျက်စရာ ရလဒ်တွေနဲ့ရုန်းကန်ခဲ့ရသလို ၇ လအကြာ၊ အခုနှစ် ဧပြီလမှာပဲ ရာထူးက အထုတ်ခံခဲ့ရပါတယ်။

နာမည်ကြီးဘွတ်ကီဒိုင် တစ်ခုဖြစ်တဲ့ paddy power က ယူနိုက်တက်နည်းပြသစ် ဂရေဟမ်ပေါ်တာ ဖြစ်လာဖို့အတွက် လောင်းကြေးအဖြစ် ၁၀ လေး/၁ လေး ဖွင့်လှစ်ထားပါတယ်၊ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစား သူတွေထဲမှာ ဒီဇာဘီ၊ နာဂယ်လ်စမန်း၊ ဇီဒန်း၊ ဆောက်ဂိတ်၊ ပေါ်တာ တို့အပြင် ယူနိုက်တက်အသင်းကို ယာယီကိုင်တွယ်ခဲ့သူ ဂန္ထဝင်ကစားသမား ကာရစ်လည်း ပါဝင်နေပါတယ်။